ဘာဖြစ်လို့စာဖတ်ဖို့လိုသလဲ

“ဘာကြောင့် စာဖတ်ဖို့လိုသလဲ”

ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား…
လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်???လူကသာတယ်လိုပဲဖြေကြတယ်…
စဉ်းစားကြည့်ရအောင်…

– မြင်းလောက်အပြေးသန်သလား?

– ဆင်လောက်ခွန်အားကြီးသလား?

– ငါးလောက်ရေကူးကျွမ်းသလား?

– ကျီးကန်တို့လဒတို့လောက် မျက်စိလျှင် လား?

– အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား?

အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့…

ပျားတွေလောက်မစည်းလုံးဘူးနော်…
ပျားတွေဟာသိပ်ဝီရိယကောင်းတယ်
ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။

ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကိုတွေ့လာရင် သတင်းလာပို့တယ်…
သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်…
သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်…

ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ…
ရှဥ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်…
သူများသွားလမ်းပိတ်မထားဘူး။

လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။

ပျားအုံကိုထိရင် အသေခံကာကွယ်တယ်။
ပျားတွေ နိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ?
ဘယ်လောက်အတုယူဖို့ကောင်းလဲ

📗 ကောင်းပြီ ဆက်စဉ်းစားကြရအောင်

📗 လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိုးပဲရှိတယ်…

၁- အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။

၂- ကိုယ့်ကျင့်တရားရှိခြင်း။

၃- ကျိုးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိခြင်း။

📗 လူတွေဟာ အလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်…

📗 တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်…

📗 မကောင်းတာကောင်းတာသူတို့မသိဘူး…
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး…

📗 လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့မခြားနားဘူး…

📗 ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးတယ်။
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။

📗 ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်…

📗 မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ် လှည်းတပ်ဆွဲခိုင်းတယ်…

📗 ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်…

📗 ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်​စားတယ်…

📗 ဒါဘာလို့လဲ???
လူတွေကတိရစ္ဆာန်တွေထက် အကျိုးအကြောင်းဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့

📗 လူတွေကတိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့
ဒါဆိုရင်လူအချင်းချင်းရော???
စဉ်းစားနော်သေချာစဉ်းစား…

📗 လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့…

📗 သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်…

📗 သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

📗 ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး…

📗 အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့…

📗 အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ???

📗 စာဖတ်ရမှာပေါ့…
စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ…

📗 သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ…

📗 စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိုး များများဖတ်ပါ ။

📗 ဘဝကိုဦးနှောက်ကဦးဆောင်တာ အသိပညာရစေမယ်စာတွေ များများဖတ်စေချင်တယ်…

ဆရာကြီးအားလေးစားလျက်
credit-photo

Be the first to comment

Leave a Reply

Your email address will not be published.


*